တကယ့်လက်တွေ့ဘ၀မှာရှိနေတဲ့ ဂနုန်းလေးတွေ စံပျော်ရာရွာ (သို့) ဂနုန်းဗီလီ

July 26, 2019 Aung Bwa 0

ဒီအကောင်လေးတွေကို အနောက်နိုင်ငံတွေမှာတော့ တကယ်ရှိတယ်လို့ ယူဆထားပါတယ်။ နာမည်ကြီး စာအုပ်တွေ၊ စိတ်ကူးယဉ် ၀တ္တုတွေနဲ့ အခုခေတ်အန်နီမေးရှင် ဇာတ်ကားတော်တော်များများမှာ ဒီကောင်လေးတွေကို ဇာတ်ကောင်တည်ပြီး၊ ရိုက်ထားတဲ့ အကြောင်းတွေရှိပါတယ်။ ဒါဆို သူတို့ ဘယ်ကလာသလဲ။ အတိအကျမှတ်တမ်းတော့မရှိပေမဲ့ သူတို့ကို တကယ်ရှိနေတယ်လို့ ယူဆပြီး ရွာလေးတစ်ရွာတည်ပေးထားတဲ့ ဂနုန်းဗီလီဆိုတဲ့ ရွာလေးရှိပါတယ်။ အခုမှရှိတာမဟုတ်ဘဲ […]

ကျောက်ဖြစ်ရုပ်ကြွင်းဇုန်ကို ကောင်းကင်ကနေ မြင်ရတဲ့အခါမှာ

July 24, 2019 Aung Bwa 0

အခုမြင်နေရတဲ့ ပုံထဲက နေရာကို အာကာသထဲက ရိုက်ထားတာပါ။ ကျွဲတစ်ကောင်ရဲ့ မျက်လုံးနဲ့တူလို့ ကျွဲမျက်လုံးလို့ခေါ်ပြီး၊ ဒီမြင်ကွင်းကို လူတွေသိခဲ့တာက အာကာသထဲကို ခရီးသွားနိုင်ခဲ့ချိန်၊ ကောင်းကင်ဓာတ်ပုံတွေရလာတဲ့အခါမှ သိလာတာလို့ ဆိုပါတယ်။ သူကတော့ ဆာဟာရသဲကန္တာရထဲမှာရှိတဲ့ ကျောက်ဖြစ်ရုပ်ကွင်းချိုင့်ဝှမ်းတစ်ခုရဲ့ပုံဖြစ်ပြီး၊ မောရစ်တာနီးယားဒေသလို့ လူသိများပါတယ်။ ဆာဟာရမျက်လုံးလို့လည်း တင်စားကြတဲ့အတွက် ထူးခြားချက်တော့ရှိပါတယ်။ အဲဒီနေရာဟာ မိုင် […]

ကမ္ဘာ့အကြီးဆုံး ရေကူးကန်အဖြစ် သတ်မှတ်ထားတဲ့ ဆန်အယ်ဖွန်ဆိုဒယ်မာ

July 23, 2019 Aung Bwa 0

ရေကူးကန်တစ်ခုကို အကြီးဆုံးအနေနဲ့ မြင်ဖူးတာက ဘောလုံးကွင်းလောလက်ပဲ ရှိမယ်ထင်ပါတယ်။ ဒါတောင် လေ့ကျင့်ရေးနဲ့ ပြိုင်ပွဲကျင်းပရေးတွေလို နေရာတွေမှာပဲ ရှိတတ်တာပါ။ အလွန်ဆုံးရှိမှ အဲဒီလောက်အကျယ်ပဲရှိပါတယ်။ အကယ်လို့ ဆန်အယ်ဖွန်ဆိုဒယ်မာကို မတွေ့ဖူးသေးရင်ပေါ့။ ချီလီနိုင်ငံမှာတော့ သူ့ကို ဆန်အယ်ဖန်ဆိုဒယ်မာ အပန်းဖြေစခန်းလို့ လူသိများပါတယ်။ ချီလီနိုင်ငံရဲ့ မြောက်ဘက်ပိုင်း အယ်ဂါရိုဘိုမြို့မှာရှိပြီးတော့ ကမ္ဘာ့အကြီးဆုံးအပြင်ဘက်က ရေကူးကန်လို့ […]

လှရက်နိုင်လွန်းသော ဘုရားကျောင်း (သို့) ဒိန်းမတ်ဂရန်းဗစ်

July 22, 2019 Aung Bwa 0

ဒီဘုရားကျောင်းကို မြင်လိုက်ရတဲ့ သူတိုင်းတစ်ညီတစ်ညွှတ်တည်းမေးလေ့ရှိတဲ့ မေးခွန်းရှိပါတယ်။ ဘာလို့ အပေါ်ဘက်က ခေါင်မိုးကြီးက အရမ်းရှည်နေရတာလဲဆိုတာပါပဲ။ ဟုတ်ပါတယ်။ တော်တော်လေးကို ရှည်လွန်းနေပြီး၊ သူ့ရဲ့အဖြေကတော့ ရိုးရာမလို့ပါတဲ့။ (၁၉၄၀)ခုနှစ်လောက်မှ အပြီးသတ်ဆောက်လုပ်ပြီးခဲ့တာဖြစ်တဲ့အတွက် အဲဒီခေတ်ကအယူအဆတွေက လွှမ်းမိုးနေပါတယ်။ ဆောက်ခဲ့တဲ့သူကလည်း ပီယာနိုပညာရှင်၊ ကဗျာဆရာ၊ နိုင်ငံရေးသမား ဖြစ်နေတဲ့အတွက် ဘုရားကျောင်းကိုလည်း လွတ်လပ်တဲ့အတွေအခေါ်တွေကို ထည့်သွင်းချင်ခဲ့ပါတယ်။ […]

သဘာဝမိခင်လဲလျောင်းနေတဲ့ပုံစံ ဖန်တီးထားတဲ့ စကော့တလန်ကဥယျာဉ်

July 22, 2019 Aung Bwa 0

ဥယျာဉ်လေးကတော့ မြင်ရတဲ့ပုံစံအတိုင်းပါပဲ။ အမျိုးသမီးတစ်ဦးက သဘာဝအတိုင်းလှဲလျောင်းနေတဲ့ ပုံစံကို နမူနာယူပြီး၊ ကိုယ်တိုင်ကိုယ်ကျ ဖန်တီးထားတဲ့ ဘ ဘာဝဥယျာဉ်တစ်ခုပါ။ လင်မယေားနှစ်ယောက်ဖန်တီးထားတာဖြစ်ပြီး၊ စိတ်ဝင်စားစရာအချက်တွေရှိနေပါတယ်။ ခြံပိုင်ရှင်ဖြစ်တဲ့ ဗိသုကာပညာရှင် နဲ့ အတွေးအခေါ်ပညာရှင်ဖြစ်တဲ့ ချာလီဂျန့်နဲ့ သူ့ဇနီး မက်ဂီကတ်ဝစ်တို့နှစ်ယောက်အတူပေါင်းပြီး သူတို့ပိုင်တဲ့အိမ်နေရာကို ဥယျာဉ်လုပ်ဖို့ စရွေးလိုက်ပါတယ်။ စကော့တလန်အနောက်ပိုင်း ဒန်ဖရိုင်းအနားမှာတည်ရှိတဲ့ ဒီဥယျာဉ်က […]

ခေတ်ရှေ့ပြေးအိမ်အလုံးဒီဇိုင်းတွေနဲ့ အနာဂတ်ကိုကြိုရောက်နေတဲ့ နယ်သာလန်နိုင်ငံသားတွေ

July 22, 2019 Aung Bwa 0

ဘော်ဝင်နင်ဂန်လို့ လူသိများတဲ့ဒီနေရာကို ထူးဆန်းတဲ့အိမ်အစုအဝေးတွေ ရှိတဲ့နေရာလို့ သတ်မှတ်ထားပါတယ်။ ဆိုလိုတာက အိမ်လုံးလုံးကြီးတွေ စုပြီးဆောက်ထားတဲ့နေရာမှာ နေကြတဲ့သူတွေမလို့ပါ။ မသိရင် ဂြိုဟ်သားကြီးတွေ ဆင်းလာတဲ့ ယာဉ်ပျံကြီးတွေနဲ့ တူပြီး၊ ကြောက်စရာမလိုတာက လူသားတွေပဲနေတာပါ။ ဒီအစီအစဉ်ကို လုပ်ခဲ့တာက နယ်သာလန်အစိုးရကိုယ်တိုင်ပါပဲ။ (၁၉၆၈)လောက်မှာ ဘတ်ဂျတ်အနည်းဆုံးအိမ်တွေဆောက်မယ့် စီမံကိန်းကို စတင်ခဲ့ပြီး၊ တာဝန်ပေးခဲ့ပါတယ်။ ပရောဂျက်တွေတင်ဒါခေါ်ခဲ့ပြီး၊ […]

ဟိုတယ်ထရန်စဗေးနီးယားဒေသက ခရီးသွားတွေတည်းဖို့ တည်ဆောက်ထားတဲ့ ကလေးဟိုတယ်

July 22, 2019 Aung Bwa 0

ဗန်ပိုင်းယားဇာတ်ကားတွေကို နှစ်နှစ်ခြိုက်ခြိုက်စွဲလန်းတတ်တဲ့သူတွေကတော့ ဟိုတယ်ထရန်စဗေးနီးယာ အန်နီးမေးရှင်းကားလေးကို သိကြမှာပါ။ မွန်းစတားတွေအတွက် လုံခြုံစိတ်ချရပြီး ဧည့်ခံပွဲတွေကို ပြုလုပ်ပေးတဲ့ ဟိုတယ်ကြီးမှာ ဖြစ်ပျက်တာလေးတွေကို ရိုက်ပြထားတာပါ။ အဲဒီဒေသဟာ အပြင်မှာတကယ်ရှိတဲ့ ထရန်စဗေးနီးယားဒေသက ရဲတိုက်ကြီးအကြောင်းကို မူရင်းစာရေးသူက ဖွဲ့နွဲ့ထားတာဖြစ်ပြီး သူကတော့ ဗန်ပိုင်းယားတွေတကယ်နေတယ်လို့ဆိုပါတယ်။ နောက်တော့ ခရီးသွားတွေက အဲဒီဇာတ်ကားထဲက ဟိုတယ်အကြောင်းကိုလေ့လာဖို့ ထရန်စဗေးနီးယားဒေသကို […]

ပင်လယ်ကိုဖြတ်ပြီး ဖောက်ထားလို့ ကိုယ်ပျောက်လမ်းလို့ တင်စားထားတဲ့ ပြင်သစ်ကားလမ်း

July 20, 2019 Aung Bwa 0

ပြင်သစ်နိုင်ငံကတော့ ကမ္ဘာပေါ်မှာ လူစိတ်ဝင်စားအောင် အမျိုးမျိုးကို ဖန်တီးတဲ့နေရာမှာ တော်ပါတယ်။ ပြင်သစ်ဆိုတာနဲ့ ပဲရစ်၊ ပဲရစ်ဆိုတာနဲ့ အီဖယ်လို့ မြင်အောင်ကိုပဲ ထူးဆန်းတာတွေက များနေတာပါ။ အဲဒီထဲကမှ အခုတစ်ခေါက်ဖော်ပြမှာကတော့ ကိုယ်ပျောက်ကားလမ်းအကြောင်းပါ။ နာမည်ကတော့ ပြင်သစ်လိုဆိုတော့ နည်းနည်းရှုပ်ပါတယ်။ လီပတ်ဆေ့ဒူဂိုဆစ်လို့ အမည်ရပါတယ်။ မြန်မာလို အလွယ်ခေါ်ရင် ကိုယ်ပျောက်ကားလမ်းလို့ခေါ်ပါတယ်။ သူကအတ္တလန်တစ်ကမ်းရိုးတန်းဘက်မှာရှိပါတယ်။ […]

မြန်မာနိုင်ငံမှာမကြားဖူးတဲ့ အနောက်တိုင်းအဓိကအစားအစာ (၃)မျိုး

July 20, 2019 Aung Bwa 0

အခုဖော်ပြမယ့် အစားအစာကို မြင်လိုက်ရရင်တော့ သေချာတာက တော်တော်လေးကို စိတ်ပျက်သွားပါလိမ့်မယ်။ ဒေသတွင်းမှာ လုံးဝမကြားဖူးတဲ့အပြင် ကမ္ဘပေါ်မှာ ရှိနေတယ်ဆိုတာတောင် တော်တော်လေးယုံရခက်ခက်အစားအစာပါ။ ဒါပေမဲ့ သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံတွေမှာတော့ အဓိကကျတဲ့ အစားအစာအနေနဲ့ စားသုံးကြ့ပီး၊ ကြိုက်နှစ်သက်ကြတယ်လို့ ဆိုပါတယ်။ (၃)ပူးကင် ကျွန်တော်တို့ဆီမှာ ပူးလေးတွေဆိုတာ တယုတယနဲ့ မွေးကြတာပါ။ ချစ်စရာလည်းကောင်းပြီး၊ […]

တစ်ခန်းတည်းရှိပေမဲ့ တကူးတကဘိုကင်တင်ပြီးတည်းရတဲ့ ဘယ်ဂျီယမ်ကဟိုတယ်

July 20, 2019 Aung Bwa 0

တိုးရစ်တွေ တော်တော်များများက နိုင်ငံတစ်ခုကို သွားလည်ပြီဆိုရင် အဲဒီနိုင်ငံရဲ့ထင်ရှားတဲ့ ဟိုတယ်မှာပါ တည်းရဖို့ကို စိတ်အားထက်သန်ကြပါတယ်။ ဈေးနည်းတယ်၊ များတယ်ဆိုတာထက်ကို တည်းချင်ကြတာဖြစ်ပြီး၊ သူတို့အဲဒီမှာနေဖူးတဲ့ အတွေ့အကြုံကိုရချင်ကြတာပါ။ ဒီလိုမျိုး အနေအထားမှာ ဘယ်ဂျီယမ်က တစ်ခန်းတည်းရှိတဲ့ ဟော်တယ်ကလည်း ပရိသတ်ကို ဆွဲဆောင်ထားပါတယ်။ (၁၇)ရာစုကတည်းက တည်ရှိခဲ့တဲ့ ဒီအခန်းလေးဟာ ရှည်ရှည်မျောမျောနဲ့ တကယ့်ကို […]