တစ္ခန္းတည္းရွိေပမဲ့ တကူးတကဘိုကင္တင္ျပီးတည္းရတဲ့ ဘယ္ဂ်ီယမ္ကဟိုတယ္

တိုးရစ္ေတြ ေတာ္ေတာ္မ်ားမ်ားက ႏုိင္ငံတစ္ခုကို သြားလည္ျပီဆိုရင္ အဲဒီႏိုင္ငံရဲ႕ထင္ရွားတဲ့ ဟုိတယ္မွာပါ တည္းရဖို႔ကို စိတ္အားထက္သန္ၾကပါတယ္။ ေစ်းနည္းတယ္၊ မ်ားတယ္ဆိုတာထက္ကို တည္းခ်င္ၾကတာျဖစ္ျပီး၊ သူတို႔အဲဒီမွာေနဖူးတဲ့ အေတြ႔အၾကံဳကိုရခ်င္ၾကတာပါ။

ဒီလိုမ်ိဳး အေနအထားမွာ ဘယ္ဂ်ီယမ္က တစ္ခန္းတည္းရွိတဲ့ ေဟာ္တယ္ကလည္း ပရိသတ္ကို ဆြဲေဆာင္ထားပါတယ္။ (၁၇)ရာစုကတည္းက တည္ရွိခဲ့တဲ့ ဒီအခန္းေလးဟာ ရွည္ရွည္ေမ်ာေမ်ာနဲ႔ တကယ့္ကို က်ဥ္းတယ္လို႔ ထင္ရေပမဲ့အထဲမွာေတာ့ အထက္ (၃)ထပ္နဲ႔ တည္းခ်င္တဲ့သူေတြအတြက္ လံုေလာက္တဲ့ေနရာအျပည္႔ရွိပါတယ္တဲ့။

ထူးျခားခ်က္က ဘာမွမရွိေလာက္ကိုပဲ တစ္ခန္းလံုးကို ေဆးအျဖဴၾကီးပဲ သုတ္ထားသလို အတြင္းပိုင္းမွာ သံုးတဲ့ ေမာ္ဒန္ပစၥည္းေတြက အစအျဖဴေရာင္ျဖစ္ေအာင္ကို တကူးတကေျပာင္းလဲထားပါတယ္။ ေတာ္ေတာ္ေလးကို ၾကည္႔ရတာရွင္းေနျပီး၊ ဘာမွမရွိတာကိုက လူတိုင္းကို လာတည္းေစခ်င္ပါတယ္။ သူ႕ရဲ႕ေရခ်ိဳးခန္းနဲ႔ အိပ္ခန္းကလည္း ဒီေလာက္က်ဥ္းက်ဥ္းေလးမွာ ဘယ္လိုရေအာင္ေဆာက္ထားလဲကလည္း စိတ္၀င္စားစရာပါပဲ။

ေရွးေဟာင္းအေဆာက္အဦအျဖစ္ ဒီအမ္ဗီေအကေန အသိအမွတ္ျပဳခံထားရျပီးတဲ့ေနာက္မွာ ရွည္လေမ်ာေလးျဖစ္ေနတဲ့ ထူးျခားခ်က္ကိုပဲ ပံုေသကိုင္ျပီး၊ ေဆာက္ရတာျဖစ္လို႔ ဘာမွမရွိတာကပဲ စြဲေဆာင္မႈျဖစ္လာပါတယ္။ ဘယ္လ္ဂ်ီယမ္ကိုလာတဲ့ ဟန္းနီးမြန္းစံုတြဲအမ်ားစုက ဘိုကင္တင္တည္းခိုေလ့ရွိျပီး၊ အေပၚဆံုးက အမိုးက ျမိဳ႕ေဟာင္းရဲ႕ ဗဟိုကုိ ျမင္ရတဲ့ေနရာပါ။

အကယ္လို႔ ဒီလိုရိုးရိုးေလးနဲ႔ဆန္းျပီး တစ္ခန္းတည္းရွိတဲ့ ဟုိတယ္ကိုတည္းဖို႔ဆံုးျဖတ္ထားရင္ ဘယ္ဂ်ီယမ္ အန္႕၀ါ့တ္ျမိဳ႕ေလးကို သြားၾကည္႔ဖို႔ကိုပဲ တုိက္တြန္းလိုက္ပါတယ္။

MyanmarNote

Unicode

တစ်ခန်းတည်းရှိပေမဲ့ တကူးတကဘိုကင်တင်ပြီးတည်းရတဲ့ ဘယ်ဂျီယမ်ကဟိုတယ်

တိုးရစ်တွေ တော်တော်များများက နိုင်ငံတစ်ခုကို သွားလည်ပြီဆိုရင် အဲဒီနိုင်ငံရဲ့ထင်ရှားတဲ့ ဟိုတယ်မှာပါ တည်းရဖို့ကို စိတ်အားထက်သန်ကြပါတယ်။ ဈေးနည်းတယ်၊ များတယ်ဆိုတာထက်ကို တည်းချင်ကြတာဖြစ်ပြီး၊ သူတို့အဲဒီမှာနေဖူးတဲ့ အတွေ့အကြုံကိုရချင်ကြတာပါ။

ဒီလိုမျိုး အနေအထားမှာ ဘယ်ဂျီယမ်က တစ်ခန်းတည်းရှိတဲ့ ဟော်တယ်ကလည်း ပရိသတ်ကို ဆွဲဆောင်ထားပါတယ်။ (၁၇)ရာစုကတည်းက တည်ရှိခဲ့တဲ့ ဒီအခန်းလေးဟာ ရှည်ရှည်မျောမျောနဲ့ တကယ့်ကို ကျဉ်းတယ်လို့ ထင်ရပေမဲ့အထဲမှာတော့ အထက် (၃)ထပ်နဲ့ တည်းချင်တဲ့သူတွေအတွက် လုံလောက်တဲ့နေရာအပြည့်ရှိပါတယ်တဲ့။

ထူးခြားချက်က ဘာမှမရှိလောက်ကိုပဲ တစ်ခန်းလုံးကို ဆေးအဖြူကြီးပဲ သုတ်ထားသလို အတွင်းပိုင်းမှာ သုံးတဲ့ မော်ဒန်ပစ္စည်းတွေက အစအဖြူရောင်ဖြစ်အောင်ကို တကူးတကပြောင်းလဲထားပါတယ်။ တော်တော်လေးကို ကြည့်ရတာရှင်းနေပြီး၊ ဘာမှမရှိတာကိုက လူတိုင်းကို လာတည်းစေချင်ပါတယ်။ သူ့ရဲ့ရေချိုးခန်းနဲ့ အိပ်ခန်းကလည်း ဒီလောက်ကျဉ်းကျဉ်းလေးမှာ ဘယ်လိုရအောင်ဆောက်ထားလဲကလည်း စိတ်ဝင်စားစရာပါပဲ။

ရှေးဟောင်းအဆောက်အဦအဖြစ် ဒီအမ်ဗီအေကနေ အသိအမှတ်ပြုခံထားရပြီးတဲ့နောက်မှာ ရှည်လမျောလေးဖြစ်နေတဲ့ ထူးခြားချက်ကိုပဲ ပုံသေကိုင်ပြီး၊ ဆောက်ရတာဖြစ်လို့ ဘာမှမရှိတာကပဲ စွဲဆောင်မှုဖြစ်လာပါတယ်။ ဘယ်လ်ဂျီယမ်ကိုလာတဲ့ ဟန်းနီးမွန်းစုံတွဲအများစုက ဘိုကင်တင်တည်းခိုလေ့ရှိပြီး၊ အပေါ်ဆုံးက အမိုးက မြို့ဟောင်းရဲ့ ဗဟိုကို မြင်ရတဲ့နေရာပါ။

အကယ်လို့ ဒီလိုရိုးရိုးလေးနဲ့ဆန်းပြီး တစ်ခန်းတည်းရှိတဲ့ ဟိုတယ်ကိုတည်းဖို့ဆုံးဖြတ်ထားရင် ဘယ်ဂျီယမ် အန့်ဝါ့တ်မြို့လေးကို သွားကြည့်ဖို့ကိုပဲ တိုက်တွန်းလိုက်ပါတယ်။

MyanmarNote