ပင္လယ္ကိုျဖတ္ျပီး ေဖာက္ထားလို႔ ကိုယ္ေပ်ာက္လမ္းလို႔ တင္စားထားတဲ့ ျပင္သစ္ကားလမ္း

ျပင္သစ္ႏုိင္ငံကေတာ့ ကမာၻေပၚမွာ လူစိတ္၀င္စားေအာင္ အမ်ိဳးမ်ိဳးကို ဖန္တီးတဲ့ေနရာမွာ ေတာ္ပါတယ္။ ျပင္သစ္ဆိုတာနဲ႔ ပဲရစ္၊ ပဲရစ္ဆိုတာနဲ႔ အီဖယ္လို႔ ျမင္ေအာင္ကိုပဲ ထူးဆန္းတာေတြက မ်ားေနတာပါ။ အဲဒီထဲကမွ အခုတစ္ေခါက္ေဖာ္ျပမွာကေတာ့ ကိုယ္ေပ်ာက္ကားလမ္းအေၾကာင္းပါ။

နာမည္ကေတာ့ ျပင္သစ္လိုဆိုေတာ့ နည္းနည္းရႈပ္ပါတယ္။ လီပတ္ေဆ့ဒူဂိုဆစ္လို႔ အမည္ရပါတယ္။ ျမန္မာလို အလြယ္ေခၚရင္ ကိုယ္ေပ်ာက္ကားလမ္းလို႔ေခၚပါတယ္။ သူကအတၱလန္တစ္ကမ္းရိုးတန္းဘက္မွာရွိပါတယ္။ ေနာ္ေမာင့္တိုင္ယာကၽြန္းနဲ႔ ေဘဘာဆာမာကမ္းေျခကို ခ်ိတ္ထားျပီး၊ အရွည္က (၂.၅)မိုင္ေတာင္ရွည္တဲ့အတြက္ ေတာ္ေတာ္ေလးကို ရွည္လြန္းတယ္လို႔ ဆိုရမွာပါ။

ဒီကၽြန္းေလးကို သြားခ်င္တဲ့သူေတြဟာ ကမ္းေျခမွာ ပင္လယ္ေရက်လို႔ ကားလမ္းေပၚခ်ိန္မွာ ေအးေဆးကားေလးနဲ႔ ျဖတ္သြားလို႔ရျပီး၊ စိတ္ပါရင္လမ္းေလွ်ာက္လို႔ေတာင္ရပါတယ္။ ဒီေရတက္ခ်ိန္ ႏွစ္ခ်ိန္တိုင္းကို ေရတက္တဲ့အတြက္ လမ္းေပ်ာက္သြားျပီး က်န္တဲ့အခ်ိန္ေတြမွာ သာမန္သြားတဲ့လမ္းလိုပဲ အသံုးျပဳလို႔ရပါတယ္။ တစ္ခါလမ္းေပ်ာက္ခ်ိန္က (၁)နာရီနဲ႔ (၁၅)မိနစ္ေလာက္ၾကာတတ္ျပီး၊ အဲဒီအခ်ိန္က သြားလာခ်ိန္ကိုတြက္ျပီး ပိတ္ထားပါတယ္။

ဒီအခ်က္ကပဲ ခရီးသြားေတြကို လံုး၀ဆြဲေဆာင္ထားတာပါ။ ေရတက္ဖို႔အတြက္ သတိေပးခ်က္ရတာနဲ႔ ဘယ္သူ႔ကိုမွသြားခြင့္မျပဳေတာ့ပါဘူ။ အေၾကာင္းက တစ္ခါတက္ရင္ (၁၃)ေပထိရွိတဲ့အေနအထားမွာ ကားထဲပိတ္မိေနတာနဲ႔ လမ္းေလွ်ာက္ေနသူေတြဟာ အခ်ိန္ခဏအတြင္းမွာပဲ ေရရဲ႕ လႊမ္းမိုးမႈေအာက္ကို ေရာက္သြားႏုိင္ပါတယ္။

ဒီေတာ့ သတိေပးခ်က္ေတြကို လိုက္နာရျပီး သြားဖို႔အဆင္ေျပမွပဲ သြားခြင့္ျပဳတာပါ။ ခရီးသြားေတြက အဲဒီအခ်ိန္နဲ႔ ၾကံဳခဲ့ရင္ ၾကည္႔ျပီးေတာ့ပဲ ျပန္လာရမွာျဖစ္ပါတယ္။

MyanmarNote

Unicode

ပင်လယ်ကိုဖြတ်ပြီး ဖောက်ထားလို့ ကိုယ်ပျောက်လမ်းလို့ တင်စားထားတဲ့ ပြင်သစ်ကားလမ်း

ပြင်သစ်နိုင်ငံကတော့ ကမ္ဘာပေါ်မှာ လူစိတ်ဝင်စားအောင် အမျိုးမျိုးကို ဖန်တီးတဲ့နေရာမှာ တော်ပါတယ်။ ပြင်သစ်ဆိုတာနဲ့ ပဲရစ်၊ ပဲရစ်ဆိုတာနဲ့ အီဖယ်လို့ မြင်အောင်ကိုပဲ ထူးဆန်းတာတွေက များနေတာပါ။ အဲဒီထဲကမှ အခုတစ်ခေါက်ဖော်ပြမှာကတော့ ကိုယ်ပျောက်ကားလမ်းအကြောင်းပါ။

နာမည်ကတော့ ပြင်သစ်လိုဆိုတော့ နည်းနည်းရှုပ်ပါတယ်။ လီပတ်ဆေ့ဒူဂိုဆစ်လို့ အမည်ရပါတယ်။ မြန်မာလို အလွယ်ခေါ်ရင် ကိုယ်ပျောက်ကားလမ်းလို့ခေါ်ပါတယ်။ သူကအတ္တလန်တစ်ကမ်းရိုးတန်းဘက်မှာရှိပါတယ်။ နော်မောင့်တိုင်ယာကျွန်းနဲ့ ဘေဘာဆာမာကမ်းခြေကို ချိတ်ထားပြီး၊ အရှည်က (၂.၅)မိုင်တောင်ရှည်တဲ့အတွက် တော်တော်လေးကို ရှည်လွန်းတယ်လို့ ဆိုရမှာပါ။

ဒီကျွန်းလေးကို သွားချင်တဲ့သူတွေဟာ ကမ်းခြေမှာ ပင်လယ်ရေကျလို့ ကားလမ်းပေါ်ချိန်မှာ အေးဆေးကားလေးနဲ့ ဖြတ်သွားလို့ရပြီး၊ စိတ်ပါရင်လမ်းလျှောက်လို့တောင်ရပါတယ်။ ဒီရေတက်ချိန် နှစ်ချိန်တိုင်းကို ရေတက်တဲ့အတွက် လမ်းပျောက်သွားပြီး ကျန်တဲ့အချိန်တွေမှာ သာမန်သွားတဲ့လမ်းလိုပဲ အသုံးပြုလို့ရပါတယ်။ တစ်ခါလမ်းပျောက်ချိန်က (၁)နာရီနဲ့ (၁၅)မိနစ်လောက်ကြာတတ်ပြီး၊ အဲဒီအချိန်က သွားလာချိန်ကိုတွက်ပြီး ပိတ်ထားပါတယ်။

ဒီအချက်ကပဲ ခရီးသွားတွေကို လုံးဝဆွဲဆောင်ထားတာပါ။ ရေတက်ဖို့အတွက် သတိပေးချက်ရတာနဲ့ ဘယ်သူ့ကိုမှသွားခွင့်မပြုတော့ပါဘူ။ အကြောင်းက တစ်ခါတက်ရင် (၁၃)ပေထိရှိတဲ့အနေအထားမှာ ကားထဲပိတ်မိနေတာနဲ့ လမ်းလျှောက်နေသူတွေဟာ အချိန်ခဏအတွင်းမှာပဲ ရေရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်သွားနိုင်ပါတယ်။

ဒီတော့ သတိပေးချက်တွေကို လိုက်နာရပြီး သွားဖို့အဆင်ပြေမှပဲ သွားခွင့်ပြုတာပါ။ ခရီးသွားတွေက အဲဒီအချိန်နဲ့ ကြုံခဲ့ရင် ကြည့်ပြီးတော့ပဲ ပြန်လာရမှာဖြစ်ပါတယ်။

MyanmarNote