(၃)ပူးကင်
(၂)ကျွဲရိုင်းအင်္ဂါ
(၁)ကြွက်ပေါက်ဝိုင်
MyanmarNote
Unicode
မြန်မာနိုင်ငံမှာမကြားဖူးတဲ့ အနောက်တိုင်းအဓိကအစားအစာ (၃)မျိုး
အခုဖော်ပြမယ့် အစားအစာကို မြင်လိုက်ရရင်တော့ သေချာတာက တော်တော်လေးကို စိတ်ပျက်သွားပါလိမ့်မယ်။ ဒေသတွင်းမှာ လုံးဝမကြားဖူးတဲ့အပြင် ကမ္ဘပေါ်မှာ ရှိနေတယ်ဆိုတာတောင် တော်တော်လေးယုံရခက်ခက်အစားအစာပါ။ ဒါပေမဲ့ သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံတွေမှာတော့ အဓိကကျတဲ့ အစားအစာအနေနဲ့ စားသုံးကြြ့ပီး၊ ကြိုက်နှစ်သက်ကြတယ်လို့ ဆိုပါတယ်။
(၃)ပူးကင်
ကျွန်တော်တို့ဆီမှာ ပူးလေးတွေဆိုတာ တယုတယနဲ့ မွေးကြတာပါ။ ချစ်စရာလည်းကောင်းပြီး၊ အန္တရာယ်ပြုရက်စရာတောင်မရှိပါဘူး ဒါပမေဲ့ ပီရူးနိုင်ငံမှာတော့ အရသာရှိတဲ့ အစားအစာတစ်ခုပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၀၀)ကျော်လောက်ကတည်းက အာဟာရဖြည့်ဓာတ်စာအနေနေဲ့ ရှိခဲ့ပြီး၊ သူတို့က တော်တော်လေးကို စားသုံးကြပါတယ်။
(၂)ကျွဲရိုင်းအင်္ဂါ
ဒီမှာတော့ နွားအင်္ဂါကိုစားရင် ဘာကောင်းတယ်၊ ညာကောင်းတယ်လို့ နယ်ဘက်မှာ အယူရှိကြပေမဲ့ ကျွဲကတော့ မကြားဖူးပါဘူး။ ဒါပေမဲ့ အနောက်နိုင်ငံတွေမှာတေ့ ကျွဲအထီးရဲ့ အင်္ဂါကို စားသုံးကြပြီး၊ အဓိကက လိင်မှုကိစ္စတွေနဲ့ ပတ်သက်ရင် တော်တော်လေးကို အထောက်အကူဖြစ်တယ်လို့ ဆိုကြပါတယ်။ မှန်မမှန်မသိပေမဲ့ သူတို့ကတော့ ယုံကြည်ကြပြီး တကူးတကကို စားကြတယ်လို့ ဆိုပါတယ်
(၁)ကြွက်ပေါက်ဝိုင်
သူကတော့ အဓိကက တရုတ်မှာအသုံးပြုပါတယ်။ အနောက်ကို တရုတ်ကနေမှတဆင့်ပို့တာပါ။ ကြွက်ပေါက်စသေးသေးလေးတွေကို ဆန်နဲ့ စိမ်ပြီး၊ ဝိုင်လုပ်ထားပါတယ်။ ကျန်းမာရေးအတွက် အဓိက အသုံးပြုပြီး တော်တော်လေးကို ကြက်သီးထစရာကောင်းပါတယ်။ ဒါပေမဲ့ ဈေးကွက်မှာတော့ တော်တော်လေးအလုပ်ဖြစ်နေပြီး အနောက်အပါအဝင် တရုတ်မှာ ကျန်းမာရေးအတွက် တကယ်ကောင်းတယ်လို့ ဆိုကြပါတယ်။
MyanmarNote