လွရက္ႏုိင္လြန္းေသာ ဘုရားေက်ာင္း (သို႔) ဒိန္းမတ္ဂရန္းဗစ္

ဒီဘုရားေက်ာင္းကို ျမင္လိုက္ရတဲ့ သူတိုင္းတစ္ညီတစ္ညႊတ္တည္းေမးေလ့ရွိတဲ့ ေမးခြန္းရွိပါတယ္။ ဘာလို႔ အေပၚဘက္က ေခါင္မိုးၾကီးက အရမ္းရွည္ေနရတာလဲဆိုတာပါပဲ။ ဟုတ္ပါတယ္။ ေတာ္ေတာ္ေလးကို ရွည္လြန္းေနျပီး၊ သူ႔ရဲ႕အေျဖကေတာ့ ရိုးရာမလို႔ပါတဲ့။

(၁၉၄၀)ခုႏွစ္ေလာက္မွ အျပီးသတ္ေဆာက္လုပ္ျပီးခဲ့တာျဖစ္တဲ့အတြက္ အဲဒီေခတ္ကအယူအဆေတြက လႊမ္းမိုးေနပါတယ္။ ေဆာက္ခဲ့တဲ့သူကလည္း ပီယာႏိုပညာရွင္၊ ကဗ်ာဆရာ၊ ႏုိင္ငံေရးသမား ျဖစ္ေနတဲ့အတြက္ ဘုရားေက်ာင္းကိုလည္း လြတ္လပ္တဲ့အေတြအေခၚေတြကို ထည္႔သြင္းခ်င္ခဲ့ပါတယ္။ ဒါေပမဲ့ ရိုးရာလည္းမပ်က္ခ်င္ေတာ့ နဂိုျမင္ေနက်ေတြထက္ပိုရွည္လိုက္ျပီး၊ တကယ့္အရွည္ၾကီးျဖစ္လာပါတယ္။

အထဲမွာက အုတ္အ၀ါေရာင္ေတြတစ္ခုတည္းသံုးျပီးေဆာက္ထားတယ္လို႔ထင္ရေပမဲ့ တကယ္တမ္းမွာေတာ့ ပါသင့္တဲ့မွန္တံခါး ျပတင္းေပါက္အေရအတြက္လည္း လံုး၀မပါခဲ့ဘဲ ရိုးရာအတိုင္း ေဆာက္ခဲ့ပါတယ္။ အထဲက ထိုင္ခံုေတြကိုေတာ့ သစ္သားေတြပဲအသံုးျပဳထားျပီး၊ အကုန္လံုးက ဒိန္းမတ္ႏိုင္ငံရဲ႕ လက္ရာေတြကို ပံုေဖာ္ခင္းက်င္းထားတာပါ။

ဒီကိုလာတဲ့သူေတြ ေတာ္ေတာ္မ်ားမ်ားက ၀တ္ျပဳဆုေတာင္းတာကို အာရံုျပဳတဲ့အခ်ိန္ကလြဲလို႔ က်န္တဲ့အခ်ိန္ေတြဟာ ဗိသုကာပညာရွင္ေတြရဲ႕ ေလ့လာေရးေနရာပါပဲ။ ႏွစ္ေပါင္း (၈၀)ေလာက္ၾကာတာေတာင္ လံုး၀တစ္စံုတစ္ရာထိခိုက္ထားတဲ့ပံုမျပတဲ့ ဂရန္းဗစ္ဘုရားေက်ာင္းကို သြားမယ္ဆိုရင္ေတာ့ ဒိန္းမတ္ကို အရင္သြားမွရပါမယ္။ ဂရန္းဗစ္ဘုရားေက်ာင္းဆိုရင္ လူတိုင္းသိျပီး၊ ဒိန္းမတ္ရဲ႕ ျပယုဂ္တစ္ခုလို႔ေတာင္ေျပာလို႔ရပါတယ္။

MyanmarNote

Unicode

လှရက်နိုင်လွန်းသော ဘုရားကျောင်း (သို့) ဒိန်းမတ်ဂရန်းဗစ်

ဒီဘုရားကျောင်းကို မြင်လိုက်ရတဲ့ သူတိုင်းတစ်ညီတစ်ညွှတ်တည်းမေးလေ့ရှိတဲ့ မေးခွန်းရှိပါတယ်။ ဘာလို့ အပေါ်ဘက်က ခေါင်မိုးကြီးက အရမ်းရှည်နေရတာလဲဆိုတာပါပဲ။ ဟုတ်ပါတယ်။ တော်တော်လေးကို ရှည်လွန်းနေပြီး၊ သူ့ရဲ့အဖြေကတော့ ရိုးရာမလို့ပါတဲ့။

(၁၉၄၀)ခုနှစ်လောက်မှ အပြီးသတ်ဆောက်လုပ်ပြီးခဲ့တာဖြစ်တဲ့အတွက် အဲဒီခေတ်ကအယူအဆတွေက လွှမ်းမိုးနေပါတယ်။ ဆောက်ခဲ့တဲ့သူကလည်း ပီယာနိုပညာရှင်၊ ကဗျာဆရာ၊ နိုင်ငံရေးသမား ဖြစ်နေတဲ့အတွက် ဘုရားကျောင်းကိုလည်း လွတ်လပ်တဲ့အတွေအခေါ်တွေကို ထည့်သွင်းချင်ခဲ့ပါတယ်။ ဒါပေမဲ့ ရိုးရာလည်းမပျက်ချင်တော့ နဂိုမြင်နေကျတွေထက်ပိုရှည်လိုက်ပြီး၊ တကယ့်အရှည်ကြီးဖြစ်လာပါတယ်။

အထဲမှာက အုတ်အဝါရောင်တွေတစ်ခုတည်းသုံးပြီးဆောက်ထားတယ်လို့ထင်ရပေမဲ့ တကယ်တမ်းမှာတော့ ပါသင့်တဲ့မှန်တံခါး ပြတင်းပေါက်အရေအတွက်လည်း လုံးဝမပါခဲ့ဘဲ ရိုးရာအတိုင်း ဆောက်ခဲ့ပါတယ်။ အထဲက ထိုင်ခုံတွေကိုတော့ သစ်သားတွေပဲအသုံးပြုထားပြီး၊ အကုန်လုံးက ဒိန်းမတ်နိုင်ငံရဲ့ လက်ရာတွေကို ပုံဖော်ခင်းကျင်းထားတာပါ။

ဒီကိုလာတဲ့သူတွေ တော်တော်များများက ဝတ်ပြုဆုတောင်းတာကို အာရုံပြုတဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေဟာ ဗိသုကာပညာရှင်တွေရဲ့ လေ့လာရေးနေရာပါပဲ။ နှစ်ပေါင်း (၈၀)လောက်ကြာတာတောင် လုံးဝတစ်စုံတစ်ရာထိခိုက်ထားတဲ့ပုံမပြတဲ့ ဂရန်းဗစ်ဘုရားကျောင်းကို သွားမယ်ဆိုရင်တော့ ဒိန်းမတ်ကို အရင်သွားမှရပါမယ်။ ဂရန်းဗစ်ဘုရားကျောင်းဆိုရင် လူတိုင်းသိပြီး၊ ဒိန်းမတ်ရဲ့ ပြယုဂ်တစ်ခုလို့တောင်ပြောလို့ရပါတယ်။

MyanmarNote