သဘာ၀မိခင္လဲေလ်ာင္းေနတဲ့ပံုစံ ဖန္တီးထားတဲ့ စေကာ့တလန္ကဥယ်ာဥ္

ဥယ်ာဥ္ေလးကေတာ့ ျမင္ရတဲ့ပံုစံအတိုင္းပါပဲ။ အမ်ိဳးသမီးတစ္ဦးက သဘာ၀အတိုင္းလွဲေလ်ာင္းေနတဲ့ ပံုစံကို နမူနာယူျပီး၊ ကိုယ္တိုင္ကိုယ္က် ဖန္တီးထားတဲ့ ဘ ဘာ၀ဥယ်ာဥ္တစ္ခုပါ။ လင္မေယားႏွစ္ေယာက္ဖန္တီးထားတာျဖစ္ျပီး၊ စိတ္၀င္စားစရာအခ်က္ေတြရွိေနပါတယ္။

ျခံပိုင္ရွင္ျဖစ္တဲ့ ဗိသုကာပညာရွင္ နဲ႔ အေတြးအေခၚပညာရွင္ျဖစ္တဲ့ ခ်ာလီဂ်န္႔နဲ႔ သူ႕ဇနီး မက္ဂီကတ္၀စ္တုိ႔ႏွစ္ေယာက္အတူေပါင္းျပီး သူတို႔ပိုင္တဲ့အိမ္ေနရာကို ဥယ်ာဥ္လုပ္ဖို႔ စေရြးလိုက္ပါတယ္။ စေကာ့တလန္အေနာက္ပိုင္း ဒန္ဖရိုင္းအနားမွာတည္ရွိတဲ့ ဒီဥယ်ာဥ္က ဧက (၃၀)အက်ယ္ရွိပါတယ္။ အာကာသထဲမွာျမင္ရတဲ့ ဂလက္ဆီပံုစံေတြကိုလည္း ထည္႔သြင္းထားျပီး၊ အတြင္းပိုင္းက ပံုစံေတြက ဒီသေဘာတရားေတြပါ။

ဥပမာ ဂလက္ဆီ၊ ဘလက္ဟိုး၊ ဘစ္ဘန္း၊ ဒီအန္ေအေၾကာင္လိမ္ေလွကားပံုစံ စတာေတြကို တစ္ခုခ်င္းစီခ်ိတ္ဆက္ျပီး၊ အတြင္းေျမေနရာကို ပံုေဖာ္ပါတယ္။ သိပၸံပညာရွင္ေတြ၊ ပန္းစိုက္ပညာရွင္ေတြရဲ႕အကူအညီနဲ႔ အတိအက်ပံုေဖာ္ျပီး အေပၚကၾကည္႔တဲ့အခါမွာ တကယ့္ကို အာကာသထဲက ပံုစံေတြအတုိင္းျမင္ရေအာင္ပါ။ သဘာ၀၊ သိပၸံ၊ အႏုပညာ သံုးခုေပါင္းစပ္ျပီးတဲ့ေနာက္မွာေတာ့ တကယ့္ကို အံ့အားသင့္ဖို႔ေကာင္းတဲ့ ဥယ်ာဥ္ျဖစ္လာပါတယ္။

အထဲမွာသံုးထားတဲ့ ပန္းပင္ေတြ၊ ျမက္ခင္းေတြ၊ ေရကန္ေတြကို အဓိကေနရာၾကီး (၅)ေနရာခြဲထားျပီးေတာ့ တံတားေတြနဲ႔ ေနရာတိုင္းကိုသြားလို႔ရေအာင္ဆက္ထားေပးပါတယ္။ ေတာ္ေတာ္ေလးကို အေသးစိတ္ျပင္ဆင္ထားျပီး၊ လူတိုင္းအတြက္ သြားခ်င္စရာေနရေလးပါ။ ဒါေပမဲ့ စိတ္မေကာင္းစရာက ဥယ်ာဥ္ဟာ တစ္ႏွစ္လံုးမွာမွ တစ္ရက္ပဲဖြင့္ပါတယ္။

ေမလရဲ႕ ပထမဆံုးအပတ္ တနဂၤေႏြကို ဖြင့္ရက္အျဖစ္သတ္မွတ္ျပီး၊ ၀င္ခ်င္တဲ့ခရီးသြား (၅၀၀၀)ကိုပဲ လက္မွတ္ေရာင္းပါတယ္။ ရလာတဲ့ပိုက္ဆံေတြကို ကင္ဆာေစာင့္ေရွာက္ေရးေဖာင္ေဒးရွင္းကို လွဴပစ္လိုက္ျပီး၊ တကယ့္ကိုေကာင္းမြန္တဲ့ရည္ရြယ္ခ်က္နဲ႔ တည္ရွိေနပါတယ္။

MyanmarNote

Unicode

သဘာဝမိခင်လဲလျောင်းနေတဲ့ပုံစံ ဖန်တီးထားတဲ့ စကော့တလန်ကဥယျာဉ်

ဥယျာဉ်လေးကတော့ မြင်ရတဲ့ပုံစံအတိုင်းပါပဲ။ အမျိုးသမီးတစ်ဦးက သဘာဝအတိုင်းလှဲလျောင်းနေတဲ့ ပုံစံကို နမူနာယူပြီး၊ ကိုယ်တိုင်ကိုယ်ကျ ဖန်တီးထားတဲ့ ဘ ဘာဝဥယျာဉ်တစ်ခုပါ။ လင်မယေားနှစ်ယောက်ဖန်တီးထားတာဖြစ်ပြီး၊ စိတ်ဝင်စားစရာအချက်တွေရှိနေပါတယ်။

ခြံပိုင်ရှင်ဖြစ်တဲ့ ဗိသုကာပညာရှင် နဲ့ အတွေးအခေါ်ပညာရှင်ဖြစ်တဲ့ ချာလီဂျန့်နဲ့ သူ့ဇနီး မက်ဂီကတ်ဝစ်တို့နှစ်ယောက်အတူပေါင်းပြီး သူတို့ပိုင်တဲ့အိမ်နေရာကို ဥယျာဉ်လုပ်ဖို့ စရွေးလိုက်ပါတယ်။ စကော့တလန်အနောက်ပိုင်း ဒန်ဖရိုင်းအနားမှာတည်ရှိတဲ့ ဒီဥယျာဉ်က ဧက (၃၀)အကျယ်ရှိပါတယ်။ အာကာသထဲမှာမြင်ရတဲ့ ဂလက်ဆီပုံစံတွေကိုလည်း ထည့်သွင်းထားပြီး၊ အတွင်းပိုင်းက ပုံစံတွေက ဒီသဘောတရားတွေပါ။

ဥပမာ ဂလက်ဆီ၊ ဘလက်ဟိုး၊ ဘစ်ဘန်း၊ ဒီအန်အေကြောင်လိမ်လှေကားပုံစံ စတာတွေကို တစ်ခုချင်းစီချိတ်ဆက်ပြီး၊ အတွင်းမြေနေရာကို ပုံဖော်ပါတယ်။ သိပ္ပံပညာရှင်တွေ၊ ပန်းစိုက်ပညာရှင်တွေရဲ့အကူအညီနဲ့ အတိအကျပုံဖော်ပြီး အပေါ်ကကြည့်တဲ့အခါမှာ တကယ့်ကို အာကာသထဲက ပုံစံတွေအတိုင်းမြင်ရအောင်ပါ။ သဘာဝ၊ သိပ္ပံ၊ အနုပညာ သုံးခုပေါင်းစပ်ပြီးတဲ့နောက်မှာတော့ တကယ့်ကို အံ့အားသင့်ဖို့ကောင်းတဲ့ ဥယျာဉ်ဖြစ်လာပါတယ်။

အထဲမှာသုံးထားတဲ့ ပန်းပင်တွေ၊ မြက်ခင်းတွေ၊ ရေကန်တွေကို အဓိကနေရာကြီး (၅)နေရာခွဲထားပြီးတော့ တံတားတွေနဲ့ နေရာတိုင်းကိုသွားလို့ရအောင်ဆက်ထားပေးပါတယ်။ တော်တော်လေးကို အသေးစိတ်ပြင်ဆင်ထားပြီး၊ လူတိုင်းအတွက် သွားချင်စရာနေရလေးပါ။ ဒါပေမဲ့ စိတ်မကောင်းစရာက ဥယျာဉ်ဟာ တစ်နှစ်လုံးမှာမှ တစ်ရက်ပဲဖွင့်ပါတယ်။

မေလရဲ့ ပထမဆုံးအပတ် တနင်္ဂနွေကို ဖွင့်ရက်အဖြစ်သတ်မှတ်ပြီး၊ ဝင်ချင်တဲ့ခရီးသွား (၅၀၀၀)ကိုပဲ လက်မှတ်ရောင်းပါတယ်။ ရလာတဲ့ပိုက်ဆံတွေကို ကင်ဆာစောင့်ရှောက်ရေးဖောင်ဒေးရှင်းကို လှူပစ်လိုက်ပြီး၊ တကယ့်ကိုကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ တည်ရှိနေပါတယ်။

MyanmarNote