ဟုိတယ္ထရန္စေဗးနီးယားေဒသက ခရီးသြားေတြတည္းဖို႔ တည္ေဆာက္ထားတဲ့ ကေလးဟိုတယ္

ဗန္ပိုင္းယားဇာတ္ကားေတြကို ႏွစ္ႏွစ္ျခိဳက္ျခိဳက္စြဲလန္းတတ္တဲ့သူေတြကေတာ့ ဟုိတယ္ထရန္စေဗးနီးယာ အန္နီးေမးရွင္းကားေလးကို သိၾကမွာပါ။ မြန္းစတားေတြအတြက္ လံုျခံဳစိတ္ခ်ရျပီး ဧည္႕ခံပြဲေတြကို ျပဳလုပ္ေပးတဲ့ ဟိုတယ္ၾကီးမွာ ျဖစ္ပ်က္တာေလးေတြကို ရိုက္ျပထားတာပါ။

အဲဒီေဒသဟာ အျပင္မွာတကယ္ရွိတဲ့ ထရန္စေဗးနီးယားေဒသက ရဲတိုက္ၾကီးအေၾကာင္းကို မူရင္းစာေရးသူက ဖြဲ႔ႏြဲ႔ထားတာျဖစ္ျပီး သူကေတာ့ ဗန္ပိုင္းယားေတြတကယ္ေနတယ္လို႔ဆိုပါတယ္။ ေနာက္ေတာ့ ခရီးသြားေတြက အဲဒီဇာတ္ကားထဲက ဟိုတယ္အေၾကာင္းကိုေလ့လာဖို႔ ထရန္စေဗးနီးယားေဒသကို တဖြဲ႔ဖြဲ႔လာေရာက္ၾကပါတယ္။

ဒီအခ်ိန္မွာ တကယ့္ကို အိုင္ဒီယာေကာင္းေကာင္းနဲ႔ ဟိုတယ္ေဆာက္လိုက္တဲ့ လင္မယားကေတာ့ ရက္ဆန္နဲ႔ ဂါဘလီယာဆိုတဲ့ လင္မယားႏွစ္ေယာက္ပါပဲ။ သူတို႔က လူေတြတည္းခိုမယ့္ ဟိုတယ္ကို ကေလးသာသာအရပ္ပံုစံရွိတဲ့ အိမ္ေလးေတြကို ဖန္တီးျပီး၊ ဟိုတယ္အျဖစ္ ၀န္ေဆာင္မႈေပးလိုက္ပါတယ္။ ကေလးဟုိတယ္လို႔ေခၚျပီး ထရန္စေဗးနီးယားေဒသမွာ ၀န္ေဆာင္မႈေပးေနတာပါ။

စုစုေပါင္းအခန္း (၁၀)ခန္းရွိျပီး အကုန္လံုးက သူ႕၀င္ေပါက္နဲ႔သူ၀င္ရပါတယ္။ သံုးထားတာေတြက သဘာ၀ကိုထိန္းသိမ္းတဲ့ ပစၥည္းေတြနဲ႔ေဆာက္ထားတာျဖစ္ျပီး၊ သစ္သားလိုမ်ိဳးအရာေတြ အနည္းေလးပဲသံုးထားတာလို႔ ဆိုပါတယ္။ စားေသာက္ဆိုင္ကုိလည္း ထည္႔သြင္းထားျပီး၊ သဘာ၀အစားအစာေတြနဲ႔ အသီးအႏွံအခ်ိဳ႕ကိုပဲ ေရာင္းခ်တယ္လို႔ သိရပါတယ္။

အစက ရိုးေမးနီးယားႏုိင္ငံရဲ႕ ျမိဳ႕ေတာ္မွာေနတဲ့ လင္မယားႏွစ္ေယာက္ဟာ ေနာက္ေတာ့ ထရန္စေဗးစာအုပ္နဲ႔ ဇာတ္ကားေၾကာင့္ခရီးသြားေတြ တြင္က်ယ္လာခ်ိန္မွာ အိမ္ကိုေရာင္းခ်ျပီး၊ ျမိဳ႕ေတာ္ကေန ထရန္စဗးနီးယားကိုေျပာင္းလာတာပါ။ လက္ရွိေတာ့ ထရန္စေဗးနီးယားရဲ႕ ထိပ္တန္း (၁၀)လည္ပတ္စာရင္းမွာ (၂)ႏွစ္ဆက္တုိက္ပါ၀င္လာျပီး၊ တကယ့္ကို ကေလးေလးေတြအတိုင္းခံစားရေမယ့္ ခံစားမႈကို ေပးစြမ္းေနပါတယ္။ လည္ခ်င္ရင္ေတာ့ ရိုးေမးနီးယားႏုိင္ငံကို အရင္သြားဖို႔ လိုပါမယ္။

MyanmarNote

unicode

ဟိုတယ်ထရန်စဗေးနီးယားဒေသက ခရီးသွားတွေတည်းဖို့ တည်ဆောက်ထားတဲ့ ကလေးဟိုတယ်

ဗန်ပိုင်းယားဇာတ်ကားတွေကို နှစ်နှစ်ခြိုက်ခြိုက်စွဲလန်းတတ်တဲ့သူတွေကတော့ ဟိုတယ်ထရန်စဗေးနီးယာ အန်နီးမေးရှင်းကားလေးကို သိကြမှာပါ။ မွန်းစတားတွေအတွက် လုံခြုံစိတ်ချရပြီး ဧည့်ခံပွဲတွေကို ပြုလုပ်ပေးတဲ့ ဟိုတယ်ကြီးမှာ ဖြစ်ပျက်တာလေးတွေကို ရိုက်ပြထားတာပါ။

အဲဒီဒေသဟာ အပြင်မှာတကယ်ရှိတဲ့ ထရန်စဗေးနီးယားဒေသက ရဲတိုက်ကြီးအကြောင်းကို မူရင်းစာရေးသူက ဖွဲ့နွဲ့ထားတာဖြစ်ပြီး သူကတော့ ဗန်ပိုင်းယားတွေတကယ်နေတယ်လို့ဆိုပါတယ်။ နောက်တော့ ခရီးသွားတွေက အဲဒီဇာတ်ကားထဲက ဟိုတယ်အကြောင်းကိုလေ့လာဖို့ ထရန်စဗေးနီးယားဒေသကို တဖွဲ့ဖွဲ့လာရောက်ကြပါတယ်။

ဒီအချိန်မှာ တကယ့်ကို အိုင်ဒီယာကောင်းကောင်းနဲ့ ဟိုတယ်ဆောက်လိုက်တဲ့ လင်မယားကတော့ ရက်ဆန်နဲ့ ဂါဘလီယာဆိုတဲ့ လင်မယားနှစ်ယောက်ပါပဲ။ သူတို့က လူတွေတည်းခိုမယ့် ဟိုတယ်ကို ကလေးသာသာအရပ်ပုံစံရှိတဲ့ အိမ်လေးတွေကို ဖန်တီးပြီး၊ ဟိုတယ်အဖြစ် ဝန်ဆောင်မှုပေးလိုက်ပါတယ်။ ကလေးဟိုတယ်လို့ခေါ်ပြီး ထရန်စဗေးနီးယားဒေသမှာ ဝန်ဆောင်မှုပေးနေတာပါ။

စုစုပေါင်းအခန်း (၁၀)ခန်းရှိပြီး အကုန်လုံးက သူ့ဝင်ပေါက်နဲ့သူဝင်ရပါတယ်။ သုံးထားတာတွေက သဘာဝကိုထိန်းသိမ်းတဲ့ ပစ္စည်းတွေနဲ့ဆောက်ထားတာဖြစ်ပြီး၊ သစ်သားလိုမျိုးအရာတွေ အနည်းလေးပဲသုံးထားတာလို့ ဆိုပါတယ်။ စားသောက်ဆိုင်ကိုလည်း ထည့်သွင်းထားပြီး၊ သဘာဝအစားအစာတွေနဲ့ အသီးအနှံအချို့ကိုပဲ ရောင်းချတယ်လို့ သိရပါတယ်။

အစက ရိုးမေးနီးယားနိုင်ငံရဲ့ မြို့တော်မှာနေတဲ့ လင်မယားနှစ်ယောက်ဟာ နောက်တော့ ထရန်စဗေးစာအုပ်နဲ့ ဇာတ်ကားကြောင့်ခရီးသွားတွေ တွင်ကျယ်လာချိန်မှာ အိမ်ကိုရောင်းချပြီး၊ မြို့တော်ကနေ ထရန်စဗးနီးယားကိုပြောင်းလာတာပါ။ လက်ရှိတော့ ထရန်စဗေးနီးယားရဲ့ ထိပ်တန်း (၁၀)လည်ပတ်စာရင်းမှာ (၂)နှစ်ဆက်တိုက်ပါဝင်လာပြီး၊ တကယ့်ကို ကလေးလေးတွေအတိုင်းခံစားရမေယ့် ခံစားမှုကို ပေးစွမ်းနေပါတယ်။ လည်ချင်ရင်တော့ ရိုးမေးနီးယားနိုင်ငံကို အရင်သွားဖို့ လိုပါမယ်။

MyanmarNote