ေခတ္ေရွ႕ေျပးအိမ္အလံုးဒီဇိုင္းေတြနဲ႔ အနာဂတ္ကိုၾကိဳေရာက္ေနတဲ့ နယ္သာလန္ႏုိင္ငံသားေတြ

ေဘာ္၀င္နင္ဂန္လို႔ လူသိမ်ားတဲ့ဒီေနရာကို ထူးဆန္းတဲ့အိမ္အစုအေ၀းေတြ ရွိတဲ့ေနရာလို႔ သတ္မွတ္ထားပါတယ္။ ဆိုလိုတာက အိမ္လံုးလံုးၾကီးေတြ စုျပီးေဆာက္ထားတဲ့ေနရာမွာ ေနၾကတဲ့သူေတြမလို႔ပါ။ မသိရင္ ျဂိဳဟ္သားၾကီးေတြ ဆင္းလာတဲ့ ယာဥ္ပ်ံၾကီးေတြနဲ႔ တူျပီး၊ ေၾကာက္စရာမလိုတာက လူသားေတြပဲေနတာပါ။

ဒီအစီအစဥ္ကို လုပ္ခဲ့တာက နယ္သာလန္အစုိးရကိုယ္တိုင္ပါပဲ။ (၁၉၆၈)ေလာက္မွာ ဘတ္ဂ်တ္အနည္းဆံုးအိမ္ေတြေဆာက္မယ့္ စီမံကိန္းကို စတင္ခဲ့ျပီး၊ တာ၀န္ေပးခဲ့ပါတယ္။ ပေရာဂ်က္ေတြတင္ဒါေခၚခဲ့ျပီး၊ ဗိသုကာပညာရွင္ ဒရစ္ခရိတ္ကမ္ပါရဲ႕ ေဘာ္၀င္နင္ဂန္ ပေရာဂ်က္က ေအာင္ခဲ့ပါတယ္။ ဒါေပမဲ့ အေၾကာင္းအမ်ိဴးမ်ိဳးေၾကာင့္ (၁၉၈၀)မွစႏိုင္ခဲ့ပါတယ္။

ပေရာဂ်က္မွာ အိမ္အလံုး (၅၀)စီမံကိန္းပါ၀င္ျပီး၊ ေဘာလံုးလိုအလံုးၾကီးျဖစ္ေအာင္ ဘိလပ္ေျမကိုပဲ သံုးထားတာပါ။ ျပီးေတာ့မွ အေပၚကေန ထပ္ျပီးအပ္ထားတာက ဖန္မွ်င္ထည္ေတြပါ။ ေအာက္မွာဆလင္ဒါပံုစံ ေဖာင္ေဒးရွင္းနဲ႔ အခ်င္းက (၁၈)ေပရွိျပီး၊ ျပတင္းေပါက္ကုိ (၁၁)ေပါက္အထိ သံုးထားတာပါ။ ဒီဒီဇိုင္းကို အဲဒီေခတ္အဲဒီအခ်ိန္က သံုးဖို႔ စဥ္းစားခဲ့တာ လံုး၀မယံုႏုိင္စရာပါ။

လည္တည္တည္႔မွာ အိပ္ခန္းနဲ႔ ေရခ်ိဳးခန္းကို တည္ေဆာက္လိုက္ပါတယ္။ ဒါေပမဲ့ ေသးေသးေလးေတြပါ။ ျပီးေတာ့ အရွင္သံုးလို႔ရတဲ့ အခန္းနဲ႔ မီးဖိုးေခ်ာင္ကိုထည္႔ေဆာက္ထားပါေသးတယ္။ သူကအိမ္လံုးရဲ႕ အေပၚထပ္မွာပါ။ ေလွကားေလးလည္းအထဲမွာပါပါေသးတယ္။ ေနာက္ဆံုးအေနနဲ႔ လိုအပ္ရင္အိမ္လံုးလိုက္ၾကီးပါမသြားလို႔ရပါေသးတယ္။ အေလးခ်ိန္ (၂၇၅၅)ေပါင္ပါ။

ေနာက္ျပီးထူးဆန္းတာက မေတာ္လို႔ေရတက္လာရင္လည္း ေရေပၚေပၚပါေသးတယ္။ ကဲ ဘယ္ေလာက္ေကာင္းလိုက္တဲ့ စိတ္ကူးလဲ။ ဒါေပမဲ့ ေဒသခံေတြက ဒီအစီအစဥ္ကိုဆက္မလုပ္ဖို႔ဘဲ ေတာင္းဆိုခဲ့တဲ့အတြက္ ႏုိင္ငံျခားသားေတြကပဲ ၾကိဳက္ခဲ့ပါတယ္။ ေတာ္ေတာ္ေလးကို ေကာင္းတဲ့အိုင္ဒီယာကိုး။ ျဖစ္ႏုိင္ရင္ ဒီလိုအိမ္ေတြ ျမန္မာျပည္မွာ ေဆာက္လုိက္ရင္ တကယ့္ဘတ္ဂ်တ္ပါပဲ။

MyanmarNote

Unicode

ခေတ်ရှေ့ပြေးအိမ်အလုံးဒီဇိုင်းတွေနဲ့ အနာဂတ်ကိုကြိုရောက်နေတဲ့ နယ်သာလန်နိုင်ငံသားတွေ

ဘော်ဝင်နင်ဂန်လို့ လူသိများတဲ့ဒီနေရာကို ထူးဆန်းတဲ့အိမ်အစုအဝေးတွေ ရှိတဲ့နေရာလို့ သတ်မှတ်ထားပါတယ်။ ဆိုလိုတာက အိမ်လုံးလုံးကြီးတွေ စုပြီးဆောက်ထားတဲ့နေရာမှာ နေကြတဲ့သူတွေမလို့ပါ။ မသိရင် ဂြိုဟ်သားကြီးတွေ ဆင်းလာတဲ့ ယာဉ်ပျံကြီးတွေနဲ့ တူပြီး၊ ကြောက်စရာမလိုတာက လူသားတွေပဲနေတာပါ။

ဒီအစီအစဉ်ကို လုပ်ခဲ့တာက နယ်သာလန်အစိုးရကိုယ်တိုင်ပါပဲ။ (၁၉၆၈)လောက်မှာ ဘတ်ဂျတ်အနည်းဆုံးအိမ်တွေဆောက်မယ့် စီမံကိန်းကို စတင်ခဲ့ပြီး၊ တာဝန်ပေးခဲ့ပါတယ်။ ပရောဂျက်တွေတင်ဒါခေါ်ခဲ့ပြီး၊ ဗိသုကာပညာရှင် ဒရစ်ခရိတ်ကမ်ပါရဲ့ ဘော်ဝင်နင်ဂန် ပရောဂျက်က အောင်ခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိူးမျိုးကြောင့် (၁၉၈၀)မှစနိုင်ခဲ့ပါတယ်။

ပရောဂျက်မှာ အိမ်အလုံး (၅၀)စီမံကိန်းပါဝင်ပြီး၊ ဘောလုံးလိုအလုံးကြီးဖြစ်အောင် ဘိလပ်မြေကိုပဲ သုံးထားတာပါ။ ပြီးတော့မှ အပေါ်ကနေ ထပ်ပြီးအပ်ထားတာက ဖန်မျှင်ထည်တွေပါ။ အောက်မှာဆလင်ဒါပုံစံ ဖောင်ဒေးရှင်းနဲ့ အချင်းက (၁၈)ပေရှိပြီး၊ ပြတင်းပေါက်ကို (၁၁)ပေါက်အထိ သုံးထားတာပါ။ ဒီဒီဇိုင်းကို အဲဒီခေတ်အဲဒီအချိန်က သုံးဖို့ စဉ်းစားခဲ့တာ လုံးဝမယုံနိုင်စရာပါ။

လည်တည်တည့်မှာ အိပ်ခန်းနဲ့ ရေချိုးခန်းကို တည်ဆောက်လိုက်ပါတယ်။ ဒါပေမဲ့ သေးသေးလေးတွေပါ။ ပြီးတော့ အရှင်သုံးလို့ရတဲ့ အခန်းနဲ့ မီးဖိုးချောင်ကိုထည့်ဆောက်ထားပါသေးတယ်။ သူကအိမ်လုံးရဲ့ အပေါ်ထပ်မှာပါ။ လှေကားလေးလည်းအထဲမှာပါပါသေးတယ်။ နောက်ဆုံးအနေနဲ့ လိုအပ်ရင်အိမ်လုံးလိုက်ကြီးပါမသွားလို့ရပါသေးတယ်။ အလေးချိန် (၂၇၅၅)ပေါင်ပါ။

နောက်ပြီးထူးဆန်းတာက မတော်လို့ရေတက်လာရင်လည်း ရေပေါ်ပေါ်ပါသေးတယ်။ ကဲ ဘယ်လောက်ကောင်းလိုက်တဲ့ စိတ်ကူးလဲ။ ဒါပေမဲ့ ဒေသခံတွေက ဒီအစီအစဉ်ကိုဆက်မလုပ်ဖို့ဘဲ တောင်းဆိုခဲ့တဲ့အတွက် နိုင်ငံခြားသားတွေကပဲ ကြိုက်ခဲ့ပါတယ်။ တော်တော်လေးကို ကောင်းတဲ့အိုင်ဒီယာကိုး။ ဖြစ်နိုင်ရင် ဒီလိုအိမ်တွေ မြန်မာပြည်မှာ ဆောက်လိုက်ရင် တကယ့်ဘတ်ဂျတ်ပါပဲ။

MyanmarNote