ကမာၻ႕အၾကီးဆံုး ေရကူးကန္အျဖစ္ သတ္မွတ္ထားတဲ့ ဆန္အယ္ဖြန္ဆိုဒယ္မာ

ေရကူးကန္တစ္ခုကို အၾကီးဆံုးအေနနဲ႔ ျမင္ဖူးတာက ေဘာလံုးကြင္းလောလက္ပဲ ရွိမယ္ထင္ပါတယ္။ ဒါေတာင္ ေလ့က်င့္ေရးနဲ႔ ျပိဳင္ပြဲက်င္းပေရးေတြလို ေနရာေတြမွာပဲ ရွိတတ္တာပါ။ အလြန္ဆံုးရွိမွ အဲဒီေလာက္အက်ယ္ပဲရွိပါတယ္။ အကယ္လို႔ ဆန္အယ္ဖြန္ဆိုဒယ္မာကို မေတြ႔ဖူးေသးရင္ေပါ့။

ခ်ီလီႏိုင္ငံမွာေတာ့ သူ႔ကို ဆန္အယ္ဖန္ဆိုဒယ္မာ အပန္းေျဖစခန္းလို႔ လူသိမ်ားပါတယ္။ ခ်ီလီႏုိင္ငံရဲ႕ ေျမာက္ဘက္ပိုင္း အယ္ဂါရိုဘိုျမိဳ႕မွာရွိျပီးေတာ့ ကမာၻ႕အၾကီးဆံုးအျပင္ဘက္က ေရကူးကန္လို႔ သတ္မွတ္ထားပါတယ္။ (၂၀၀၆) ဒီဇင္ဘာမွာ စဖြင့္ခဲ့ျပီး၊ အခုအခ်ိန္မွာေတာ့ လံုး၀ကို တိုးရစ္ေတြအနားယူဖို႔ အတံုးအရံုးလာတဲ့ ေနရာတစ္ခုျဖစ္ေနပါျပီ။

အရွည္ကို ျမင္သာေအာင္ေျပာရရင္ (၁)ကီလိုမီတာ၊ မိုင္နဲ႔ဆို (၁)မိုင္ရဲ႕ (၃)ပံု (၅)ပံုဆိုေတာ့ကာ ဧကနဲ႔ တြက္မယ္ဆို (၁၉)ဧကအက်ယ္ရွိတဲ့အတြက္ ပင္လယ္ေရဂါလံေပါင္း သန္း (၂၅၀) လီတာကို ကန္ထဲကို ထည္႔ထားရပါတယ္။ ခရစၥတယ္လဂြန္းဆိုတဲ့ ခ်ီလီကုမၸဏီက တာ၀န္ယူေဆာင္ရြက္ေနတာျဖစ္ျပီး၊ ကန္ထဲကုိထည္႔တဲ့ေရက ပင္လယ္ေရကို စုပ္၊ သန္႔စင္ျပီး၊ စိတ္ခ်ရျပီဆိုမွ ကန္ထဲကို ထည္႔တာပါ။

ေတာ္ေတာ္ေလးကို ဂရုစိုက္ရမယ့္အေနအထားမွာရွိေပမဲ့ သူတို႔အတြက္ကေတာ့ ေအးေဆးပါပဲ။ ကုန္က်စရိတ္စုစုေပါင္းက အေမရိကန္ေဒၚလာ (၃.၅)သန္းကို ကန္ၾကီးသီးသန္႔အတြက္ ကုန္က်ခဲ့ျပီး၊ ေဘးမွာရွိေနတဲ့ ဟုိတယ္ေတြ၊ အပန္းေျဖစခန္းေတြ နဲ႔ ေျမတန္ဖိုးေတြ အားလံုးထည္႔ေပါင္းလိုက္ရင္ အေမရိကန္ေဒၚလာ (၁.၅)ဘီလ်ံနဲ႔ (၂)ဘီလ်ံၾကားကို တန္ဖိုးရွိတယ္လို႔ ဆိုပါတယ္။

ႏွစ္စဥ္ထိန္းသိမ္းခကုန္က်ေငြက အေမရိကန္ေဒၚလာ (၄)သန္းဖိုးေလာက္ကို သံုးေနရပါတယ္။ ေတာ္ေတာ္ေလးကို ေအးခ်မ္းတဲ့ အပန္းေျဖစခန္းလို႔ ေျပာလို႔ရျပီး၊ လူေတြအမ်ားၾကီး ရႈပ္မေနတာတစ္ခုနဲ႔တင္ သြားလည္ဖို႔ကို ေကာင္းေနပါျပီ။

MyanmarNote

Unicode

ကမ္ဘာ့အကြီးဆုံး ရေကူးကန်အဖြစ် သတ်မှတ်ထားတဲ့ ဆန်အယ်ဖွန်ဆိုဒယ်မာ

ရေကူးကန်တစ်ခုကို အကြီးဆုံးအနေနဲ့ မြင်ဖူးတာက ဘောလုံးကွင်းလောလက်ပဲ ရှိမယ်ထင်ပါတယ်။ ဒါတောင် လေ့ကျင့်ရေးနဲ့ ပြိုင်ပွဲကျင်းပရေးတွေလို နေရာတွေမှာပဲ ရှိတတ်တာပါ။ အလွန်ဆုံးရှိမှ အဲဒီလောက်အကျယ်ပဲရှိပါတယ်။ အကယ်လို့ ဆန်အယ်ဖွန်ဆိုဒယ်မာကို မတွေ့ဖူးသေးရင်ပေါ့

ချီလီနိုင်ငံမှာတော့ သူ့ကို ဆန်အယ်ဖန်ဆိုဒယ်မာ အပန်းဖြေစခန်းလို့ လူသိများပါတယ်။ ချီလီနိုင်ငံရဲ့ မြောက်ဘက်ပိုင်း အယ်ဂါရိုဘိုမြို့မှာရှိပြီးတော့ ကမ္ဘာ့အကြီးဆုံးအပြင်ဘက်က ရေကူးကန်လို့ သတ်မှတ်ထားပါတယ်။ (၂၀၀၆) ဒီဇင်ဘာမှာ စဖွင့်ခဲ့ပြီး၊ အခုအချိန်မှာတော့ လုံးဝကို တိုးရစ်တွေအနားယူဖို့ အတုံးအရုံးလာတဲ့ နေရာတစ်ခုဖြစ်နေပါပြီ။

အရှည်ကို မြင်သာအောင်ပြောရရင် (၁)ကီလိုမီတာ၊ မိုင်နဲ့ဆို (၁)မိုင်ရဲ့ (၃)ပုံ (၅)ပုံဆိုတော့ကာ ဧကနဲ့ တွက်မယ်ဆို (၁၉)ဧကအကျယ်ရှိတဲ့အတွက် ပင်လယ်ရေဂါလံပေါင်း သန်း (၂၅၀) လီတာကို ကန်ထဲကို ထည့်ထားရပါတယ်။ ခရစ္စတယ်လဂွန်းဆိုတဲ့ ချီလီကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေတာဖြစ်ပြီး၊ ကန်ထဲကိုထည့်တဲ့ရေက ပင်လယ်ရေကို စုပ်၊ သန့်စင်ပြီး၊ စိတ်ချရပြီဆိုမှ ကန်ထဲကို ထည့်တာပါ။

တော်တော်လေးကို ဂရုစိုက်ရမယ့်အနေအထားမှာရှိပေမဲ့ သူတို့အတွက်ကတော့ အေးဆေးပါပဲ။ ကုန်ကျစရိတ်စုစုပေါင်းက အမေရိကန်ဒေါ်လာ (၃.၅)သန်းကို ကန်ကြီးသီးသန့်အတွက် ကုန်ကျခဲ့ပြီး၊ ဘေးမှာရှိနေတဲ့ ဟိုတယ်တွေ၊ အပန်းဖြေစခန်းတွေ နဲ့ မြေတန်ဖိုးတွေ အားလုံးထည့်ပေါင်းလိုက်ရင် အမေရိကန်ဒေါ်လာ (၁.၅)ဘီလျံနဲ့ (၂)ဘီလျံကြားကို တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။

နှစ်စဉ်ထိန်းသိမ်းခကုန်ကျငွေက အမေရိကန်ဒေါ်လာ (၄)သန်းဖိုးလောက်ကို သုံးနေရပါတယ်။ တော်တော်လေးကို အေးချမ်းတဲ့ အပန်းဖြေစခန်းလို့ ပြောလို့ရပြီး၊ လူတွေအများကြီး ရှုပ်မနေတာတစ်ခုနဲ့တင် သွားလည်ဖို့ကို ကောင်းနေပါပြီ။

MyanmarNote