ေက်ာက္ျဖစ္ရုပ္ၾကြင္းဇုန္ကို ေကာင္းကင္ကေန ျမင္ရတဲ့အခါမွာ

အခုျမင္ေနရတဲ့ ပံုထဲက ေနရာကို အာကာသထဲက ရိုက္ထားတာပါ။ ကၽြဲတစ္ေကာင္ရဲ႕ မ်က္လံုးနဲ႔တူလို႔ ကၽြဲမ်က္လံုးလို႔ေခၚျပီး၊ ဒီျမင္ကြင္းကို လူေတြသိခဲ့တာက အာကာသထဲကို ခရီးသြားႏုိင္ခဲ့ခ်ိန္၊ ေကာင္းကင္ဓာတ္ပံုေတြရလာတဲ့အခါမွ သိလာတာလို႔ ဆိုပါတယ္။

သူကေတာ့ ဆာဟာရသဲကႏၱာရထဲမွာရွိတဲ့ ေက်ာက္ျဖစ္ရုပ္ကြင္းခ်ိဳင့္၀ွမ္းတစ္ခုရဲ႕ပံုျဖစ္ျပီး၊ ေမာရစ္တာနီးယားေဒသလို႔ လူသိမ်ားပါတယ္။ ဆာဟာရမ်က္လံုးလို႔လည္း တင္စားၾကတဲ့အတြက္ ထူးျခားခ်က္ေတာ့ရွိပါတယ္။ အဲဒီေနရာဟာ မိုင္ (၃၀)ပတ္လည္ က်ယ္၀န္းျပီးအထဲမွာ လြန္ခဲ့တဲ့ႏွစ္သန္းေပါင္းမ်ားစြာက တည္ရွိခဲ့တဲ့ သတၱ၀ါေတြ၊ ဒိုင္ႏိုေဆာေတြ က်က္စားခဲ့တဲ့ ရုပ္ၾကြင္းေတြရွိေနပါတယ္။

အထဲကို သြားေရာက္ေလ့လာဖို႔ ၀င္သြားလိုက္တဲ့လူေတြ သိသိသာသာခံစားလာရမွာက ေခါင္းမူးတဲ့ေ၀ဒနာပါ။ ကိုယ္တြင္းေသြးဖိအားရဲ႕ အျမင့္ဆံုးအမွတ္ကို ဆာဟာရမ်က္လံုးထဲကို ေလ့လာဖို႔ ၀င္သြားတဲ့ ၀န္ထမ္းေတြ ၾကံဳခဲ့ရတဲ့အျဖစ္အပ်က္ျဖစ္ျပီး၊ သူတို႔ရဲ႕ သေြးဖိအားကို တိုင္းတဲ့အခါမွာ အျမင့္ဆံုးကိုေရာက္ေနတာေတြ႕ခဲ့ရပါတယ္။

ဒီအခ်က္ကလည္း သတၱ၀ါေတြ ကြယ္ေပ်ာက္သြားတာလားဆိုတဲ့ ေမးခြန္းကို ယူဆေစသလို တျဖည္းျဖည္းနဲ႔ စနစ္တက် ေလတိုက္စားေနတဲ့ ပတ္၀န္းက်င္က အယူအဆကိုလည္း ဆန္႔က်င္ေနပါတယ္။ ေက်ာက္ျဖစ္ရုပ္ၾကြင္းေတြအျပင္ လူသားေတြပါ ေနထိုင္ခဲ့တဲ့ လကၡဏာေတြကို ျပေနတဲ့အတြက္ ဆာဟာရမ်က္လံုးဟာ တစ္ခ်ိန္က အေရးပါခဲ့တဲ့ေနရာျဖစ္ခဲ့မယ္ဆိုတာကို ခန္႔မွန္းမိၾကပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ေလ့လာမႈေတြျပဳလုပ္ေနဆဲျဖစ္ျပီး၊ လြန္ခဲ့တဲ့ ႏွစ္တစ္ေသာင္းေက်ာ္က တိရစာၱန္ရုပ္ပံုလက္ရာကိုေတြ႔ခဲ့အျပီးမွာ သုေတသီေတြအေနနဲ႔ အရွိန္ထပ္တိုးလုပ္ေဆာင္ေနျပီး၊ေရွးဦးလူသားေတြ အေၾကာင္းကို ဒီထပ္ပိုသိလာႏုိင္ေတာ့မယ္လို႔ ယူဆေနပါတယ္။

MyanmarNote

Unicode

ကျောက်ဖြစ်ရုပ်ကြွင်းဇုန်ကို ကောင်းကင်ကနေ မြင်ရတဲ့အခါမှာ

အခုမြင်နေရတဲ့ ပုံထဲက နေရာကို အာကာသထဲက ရိုက်ထားတာပါ။ ကျွဲတစ်ကောင်ရဲ့ မျက်လုံးနဲ့တူလို့ ကျွဲမျက်လုံးလို့ခေါ်ပြီး၊ ဒီမြင်ကွင်းကို လူတွေသိခဲ့တာက အာကာသထဲကို ခရီးသွားနိုင်ခဲ့ချိန်၊ ကောင်းကင်ဓာတ်ပုံတွေရလာတဲ့အခါမှ သိလာတာလို့ ဆိုပါတယ်။

သူကတော့ ဆာဟာရသဲကန္တာရထဲမှာရှိတဲ့ ကျောက်ဖြစ်ရုပ်ကွင်းချိုင့်ဝှမ်းတစ်ခုရဲ့ပုံဖြစ်ပြီး၊ မောရစ်တာနီးယားဒေသလို့ လူသိများပါတယ်။ ဆာဟာရမျက်လုံးလို့လည်း တင်စားကြတဲ့အတွက် ထူးခြားချက်တော့ရှိပါတယ်။ အဲဒီနေရာဟာ မိုင် (၃၀)ပတ်လည် ကျယ်ဝန်းပြီးအထဲမှာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက တည်ရှိခဲ့တဲ့ သတ္တဝါတွေ၊ ဒိုင်နိုဆောတွေ ကျက်စားခဲ့တဲ့ ရုပ်ကြွင်းတွေရှိနေပါတယ်။

အထဲကို သွားရောက်လေ့လာဖို့ ဝင်သွားလိုက်တဲ့လူတွေ သိသိသာသာခံစားလာရမှာက ခေါင်းမူးတဲ့ဝေဒနာပါ။ ကိုယ်တွင်းသွေးဖိအားရဲ့ အမြင့်ဆုံးအမှတ်ကို ဆာဟာရမျက်လုံးထဲကို လေ့လာဖို့ ဝင်သွားတဲ့ ဝန်ထမ်းတွေ ကြုံခဲ့ရတဲ့အဖြစ်အပျက်ဖြစ်ပြီး၊ သူတို့ရဲ့ သွေးဖိအားကို တိုင်းတဲ့အခါမှာ အမြင့်ဆုံးကိုရောက်နေတာတွေ့ခဲ့ရပါတယ်။

ဒီအချက်ကလည်း သတ္တဝါတွေ ကွယ်ပျောက်သွားတာလားဆိုတဲ့ မေးခွန်းကို ယူဆစေသလို တဖြည်းဖြည်းနဲ့ စနစ်တကျ လေတိုက်စားနေတဲ့ ပတ်ဝန်းကျင်က အယူအဆကိုလည်း ဆန့်ကျင်နေပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းတွေအပြင် လူသားတွေပါ နေထိုင်ခဲ့တဲ့ လက္ခဏာတွေကို ပြနေတဲ့အတွက် ဆာဟာရမျက်လုံးဟာ တစ်ချိန်က အရေးပါခဲ့တဲ့နေရာဖြစ်ခဲ့မယ်ဆိုတာကို ခန့်မှန်းမိကြပါတယ်။

လက်ရှိအချိန်မှာတော့ လေ့လာမှုတွေပြုလုပ်နေဆဲဖြစ်ပြီး၊ လွန်ခဲ့တဲ့ နှစ်တစ်သောင်းကျော်က တိရစ္တာန်ရုပ်ပုံလက်ရာကိုတွေ့ခဲ့အပြီးမှာ သုတေသီတွေအနေနဲ့ အရှိန်ထပ်တိုးလုပ်ဆောင်နေပြီး၊ရှေးဦးလူသားတွေ အကြောင်းကို ဒီထပ်ပိုသိလာနိုင်တော့မယ်လို့ ယူဆနေပါတယ်။

MyanmarNote