တကယ့္လက္ေတြ႔ဘ၀မွာရွိေနတဲ့ ဂႏုန္းေလးေတြ စံေပ်ာ္ရာရြာ (သို႔) ဂႏုန္းဗီလီ

ဒီအေကာင္ေလးေတြကို အေနာက္ႏိုင္ငံေတြမွာေတာ့ တကယ္ရွိတယ္လို႔ ယူဆထားပါတယ္။ နာမည္ၾကီး စာအုပ္ေတြ၊ စိတ္ကူးယဥ္ ၀တၱဳေတြနဲ႔ အခုေခတ္အန္နီေမးရွင္ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ဒီေကာင္ေလးေတြကို ဇာတ္ေကာင္တည္ျပီး၊ ရိုက္ထားတဲ့ အေၾကာင္းေတြရွိပါတယ္။

ဒါဆို သူတို႔ ဘယ္ကလာသလဲ။ အတိအက်မွတ္တမ္းေတာ့မရွိေပမဲ့ သူတို႔ကို တကယ္ရွိေနတယ္လုိ႔ ယူဆျပီး ရြာေလးတစ္ရြာတည္ေပးထားတဲ့ ဂႏုန္းဗီလီဆိုတဲ့ ရြာေလးရွိပါတယ္။ အခုမွရွိတာမဟုတ္ဘဲ အရင္ခေတ္ (၁၆)ရာစုေလာက္ကတည္းက ရွိေနတယ္လို႔ ယံုၾကည္႔ျပီး ေဆာက္ေပးထားတဲ့ ရြာျဖစ္ျပီး၊ တကယ့္ ဂႏုန္းေလးေတြ အမ်ားၾကီး၊ နဲ႔ ရြာေလးက စည္ကားေနပါတယ္။

ၾသစေၾကးလ်ႏိုင္ငံရဲ႕ ေဒသခံျမိဳ႕ေလး ဘန္ဘာရီကေတ မိနစ္(၃၀)ေလာက္လမ္းေလွ်ာက္လိုက္ရင္ ဂႏုန္းဗီလီကိုေရာက္ပါတယ္။ ေျခခ်စရာမရွိေလာက္ေအာင္ ေပါမ်ားေနတဲ့ ဂႏုန္းေလးေတြကိုေတြ႔ပါလိမ့္မယ္။ ေတာ္ေတာ္ေလးကို လွပလြန္းျပီး၊ အခုအခ်ိန္မွာ ပိတ္ရက္မရွိ ေလ့လာလည္ပတ္လို႔ရေအာင္ဖြင့္ေပးထားတယ္လို႔ ဆိုပါတယ္။

ခရီးသြားေတြကို လာတဲ့အခါတိုင္း ဂႏုန္းေလးေတြကို ၀ယ္လာျပီး၊ တစ္ေယာက္ကို တစ္ရုပ္က်စီထားခဲ့ဖို႕ကိုလည္း အသိေပးထားသလို တခ်ိဳ႕ဆိုရင္ သိီးသန္႔ကို အရုပ္လာထားတဲ့သူေတြေတာင္ရွိတယ္လို႔ ဆိုပါတယ္။ သူ႕ရဲ႕ရည္ရြယ္ခ်က္က ဂႏုန္းေလးတစ္ေယာက္ကို တျခားဘယ္အရုပ္ကိုမွ မထိခုိက္ဘဲလာထားခဲ့ရင္ ကံေကာင္းျခင္းေတြက ဘ၀တေလွ်ာက္လံုးရွိေနေအာင္ ဂႏုန္းေလးေတြက ျပန္ေစာက္ေရွာက္ပါလိမ့္မယ္ဆိုျပီးေတာ့ပါ။

လက္ရွိမွာေတာ့ ဂႏုန္းေတြက ကမာၻရဲ႕ စိတ္၀င္စားမႈျမင့္တက္ေနတဲ့အတြက္ အရုပ္ေတြက တစ္ေန႔တစ္ေန႔လာထားသူေတြ ပိုမ်ားေနတယ္ိလုိ႔သိရပါတယ္။

MyanmarNote

Unicode

တကယ့်လက်တွေ့ဘဝမှာရှိနေတဲ့ ဂနုန်းလေးတွေ စံပျော်ရာရွာ (သို့) ဂနုန်းဗီလီ

ဒီအကောင်လေးတွေကို အနောက်နိုင်ငံတွေမှာတော့ တကယ်ရှိတယ်လို့ ယူဆထားပါတယ်။ နာမည်ကြီး စာအုပ်တွေ၊ စိတ်ကူးယဉ် ဝတ္တုတွေနဲ့ အခုခေတ်အန်နီမေးရှင် ဇာတ်ကားတော်တော်များများမှာ ဒီကောင်လေးတွေကို ဇာတ်ကောင်တည်ပြီး၊ ရိုက်ထားတဲ့ အကြောင်းတွေရှိပါတယ်။

ဒါဆို သူတို့ ဘယ်ကလာသလဲ။ အတိအကျမှတ်တမ်းတော့မရှိပေမဲ့ သူတို့ကို တကယ်ရှိနေတယ်လို့ ယူဆပြီး ရွာလေးတစ်ရွာတည်ပေးထားတဲ့ ဂနုန်းဗီလီဆိုတဲ့ ရွာလေးရှိပါတယ်။ အခုမှရှိတာမဟုတ်ဘဲ အရင်ခတေ် (၁၆)ရာစုလောက်ကတည်းက ရှိနေတယ်လို့ ယုံကြည့်ပြီး ဆောက်ပေးထားတဲ့ ရွာဖြစ်ပြီး၊ တကယ့် ဂနုန်းလေးတွေ အများကြီး၊ နဲ့ ရွာလေးက စည်ကားနေပါတယ်။

သြစကြေးလျနိုင်ငံရဲ့ ဒေသခံမြို့လေး ဘန်ဘာရီကတေ မိနစ်(၃၀)လောက်လမ်းလျှောက်လိုက်ရင် ဂနုန်းဗီလီကိုရောက်ပါတယ်။ ခြေချစရာမရှိလောက်အောင် ပေါများနေတဲ့ ဂနုန်းလေးတွေကိုတွေ့ပါလိမ့်မယ်။ တော်တော်လေးကို လှပလွန်းပြီး၊ အခုအချိန်မှာ ပိတ်ရက်မရှိ လေ့လာလည်ပတ်လို့ရအောင်ဖွင့်ပေးထားတယ်လို့ ဆိုပါတယ်။

ခရီးသွားတွေကို လာတဲ့အခါတိုင်း ဂနုန်းလေးတွေကို ဝယ်လာပြီး၊ တစ်ယောက်ကို တစ်ရုပ်ကျစီထားခဲ့ဖို့ကိုလည်း အသိပေးထားသလို တချို့ဆိုရင် သီးသန့်ကို အရုပ်လာထားတဲ့သူတွေတောင်ရှိတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က ဂနုန်းလေးတစ်ယောက်ကို တခြားဘယ်အရုပ်ကိုမှ မထိခိုက်ဘဲလာထားခဲ့ရင် ကံကောင်းခြင်းတွေက ဘဝတလျှောက်လုံးရှိနေအောင် ဂနုန်းလေးတွေက ပြန်စောက်ရှောက်ပါလိမ့်မယ်ဆိုပြီးတော့ပါ။

လက်ရှိမှာတော့ ဂနုန်းတွေက ကမ္ဘာရဲ့ စိတ်ဝင်စားမှုမြင့်တက်နေတဲ့အတွက် အရုပ်တွေက တစ်နေ့တစ်နေ့လာထားသူတွေ ပိုများနေတယိလို့သိရပါတယ်။

MyanmarNote